စာမျက်​နှာ

Tuesday, June 14, 2016

အလှပဆုံးအမှားတစ်​ခုAsm

ကျနော် လှေခါးတစ်ထစ်ဖြစ်စဉ်က
 သူမကို အပေါ်တစ်ဆင့်ရောက်စေဖို့ရည်ရွယ်ခဲ့ဖူး...
   သို့သော် သူမအောက်တစ်ဆင့်ပြန်ဆင်းသွားတယ်..

ကျနော် ဓားတစ်လက်ဖြစ်စဉ်က
 သူမရဲ့ မာယာကြိုးကိုဖြတ်ပေးဖို့ရည်ရွယ်ခဲ့ဖူး...
    သို့သော် သူမက သံယောဇဉ်ကြိုးဖြတ်သွားတယ်..

ကျနော် ကြယ်တစ်ပွင့်ဖြစ်စဉ်က
 သူမရဲ့ ပြတင်းတံခါးဝအလှဆင်ဖို့ရည်ရွယ်ခဲ့ဖူး...
      သို့သော် သူမကချစ်သူပခုံးပေါ်ကပြုံးပြခဲ့တယ်..

ကျနော်ကဗျာတစ်ပုဒ်ဖြစ်တော့
      သူမနာမည်ကိုခေါင်းစဉ်ပေးခဲ့တယ်...

ကျနော်က ကလေးတစ်ယောက်ရဲ့အိမ်မက်တစ်ခုသာ...
    သူမက ထိုကလေး နားဆင်နေကျ ပုံပြင်တစ်ပုဒ်သာ...

ကလေးရဲ့အိမ်မက်ထဲက အပြာရောင်ဇူလိုင်ညတစ်ညမှာ
   ကျနော်တို့တွေ့ဆုံခဲ့...
      ထိုတွေ့ဆုံမှုက အလှပဆုံး   အမှားတစ်ခု...

No comments:

Post a Comment